Yoma Car Share အဖွဲ့ဝင်ခြင်း
Reservation ပြုလုပ်ထားသောကားကို သွားယူခြင်း
သင် reservation ပြုလုပ်သည့်အချိန်မှ တစ်နာရီအတွင်း သင်ရွေးချယ်ထားသော rental hub မှ ကားကို လာယူရမည်ဖြစ်ပါသည်။ တစ်နာရီအတွင်းလာမယူပါက သင်၏ reservation ကို အလိုအလျောက် ပယ်ဖျက်ပါမည်။ ကားလာယူသည့်အခါ ပျက်စီးမှုတစ်စုံတစ်ရာရှိမရှိ စစ်ဆေးပါ။ ပျက်စီးဆုံးရှုံးမှုတစ်စုံတစ်ရာတွေ့ရှိပါက၊ ကျွန်ုပ်တို့၏ဝက်ဆိုဒ် သို့မဟုတ် မိုဘိုင်းအက်ပ်မှတစ်ဆင့် သင်၏ Current Reservation >> Check Car ခလုတ်မှတစ်ဆင့် ကျွန်ုပ်တို့ကို သတင်းပို့ပါ။ Reservation စတင်ပြီး undefinedမိနစ် အကြာတွင် Check Car ခလုတ်ကို အသုံးပြုလို့ရမည်မဟုတ်ပါ။
ကားဆီဖြည့်ခြင်း
ကားဆီပြန်ဖြည့်ရန် လိုအပ်သောအခါတွင် ငှားထားသောကား၏ Glove Box အတွင်း ထည့်ပေးထားသော ဆီဖြည့်ကဒ်/စာအုပ်ဖြင့် Denko၊ Max Energy၊ PT Power၊ BOC နှင့် 360 Petrol ဆီဆိုင်များတွင် အခမဲ့ ဖြည့်သွင်းနိုင်ပါသည်။ (Denko တွင်ဆီဖြည့်သောအခါ ပေးရမည့် လျှို့ဝှက်နံပါတ်သည် သင်ငှားရမ်းထားသော ကားလိုင်စင်နံပါတ်၏ နောက်ဆုံး ၄လုံးဖြစ်သည်။) အကယ်၍ သင်သည် ဖော်ပြပါဓါတ်ဆီဆိုင်များမှ မဟုတ်ဘဲ အခြားဓါတ်ဆီဆိုင်များတွင် ဆီဖြည့်မိပါက ကျွန်ုပ်တို့၏ ဝဘ်ဆိုက် သို့မဟုတ် မိုဘိုင်းအက်ပ်ရှိ Fuel Claim feature နေရာတွင် ကုန်ကျစရိတ်ငွေကို ပြန်လည်တောင်းခံနိုင်ပါသည်။
မတော်တဆမှုဖြစ်ပွားခြင်း
အကယ်၍ မတော်တဆမှုတစ်စုံတစ်ရာ ဖြစ်ပွားခဲ့ပါက ၂၄ နာရီ၊ ၇ ရက်၊ တစ်နှစ်ပတ်လုံး အကူအညီရယူနိုင်သည့် 09YOMAFLEET (09966235338) သို့ ချက်ချင်းဖုန်းခေါ်ဆိုနိုင်ပါသည်။ ထို့နောက် မတော်တဆမှုအား မရွေးမပြောင်းပဲ ဓါတ်ပုံရိုက်ယူပြီး ပျက်စီးဆုံးရှုံးမှုအစီရင်ခံစာဖြင့် တင်ပြပါ။ မတော်တဆမှု သို့မဟုတ် ပျက်စီးဆုံးရှုံးမှုတစ်ခုခုအတွက် ကျွန်ုပ်တို့အား အသိပေးခြင်းမရှိပါက သင်၏အာမခံ အကျုံးဝင်မှု ပျက်ပြယ်သွားမည်ဖြစ်ပါသည်။
အာမခံ
Yoma Car Share မှ ကားများသည် Insurance ပါရှိပြီး၊ လူကြီးမင်းအနေနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း မချိုးဖောက်ထားပဲ Accident မတော်တဆတစ်ခုခု သို့မဟုတ် အကြောင်းတစုံတရာကြောင့် ကားထိခိုက်ခဲ့ပါက မြန်မာယာဥ်မောင်းလိုင်စင် သို့မဟုတ် အာစီယံယာဥ်မောင်းလိုင်စင် ကိုင်ဆောင်သူများသည် Yoma Car Share မှ ချိတ်ဆက်ထားသည့် GGI ကားအာမခံရယူနိုင်သည်။ နိုင်ငံတကာယာဥ်မောင်းပါမစ်ကိုင်ဆောင်ထားပါက လူကြီးမင်းမှ USD ၃၀၀ အထိသာ တာဝန်ယူရမည်ဖြစ်ပြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ချိုးဖောက်ခဲ့ပါက ကား၏ အလုံးစုံထိခိုက်မှုတန်ဖိုးကို တာဝန်ယူပေးဆောင်ရမည်ဖြစ်ပါသည်။ အချို့ထိခိုက်မှုများသည် ဤ မူဝါဒတွင် မပါဝင်သောကြောင့် အသေးစိတ်အချက်အလက်များကို Terms & Conditions (သို့မဟုတ်) Yoma Car Share Hotline တွင် စုံစမ်းမေးမြန်းနိုင်ပါသည်။
၂၄နာရီ ၇ရက် အချိန်ကူညီပေးနေသော အငှားကားဝန်ဆောင်မှုလုပ်ငန်း
၂၄နာရီ ၇ရက် ဝန်ဆောင်မှုပေးနေသော ကားအငှားဝန်ဆောင်မှုလုပ်ငန်း Yoma Car Share သည် မြန်မာနိုင်ငံအတွင်း ပိတ်ရက်မရှိ အချိန်ပြည့် ဝန်ဆောင်မှုပေးနေသော ကားအငှားလုပ်ငန်းဖြစ်ပါသည်။ 09YOMAFLEET (09966235338) သို့ အကူအညီလိုအပ်တိုင်း ချက်ချင်းဆက်သွယ်နိုင်ပါသည်။