
Yoma Car Share အဖွဲ့ဝင်ခြင်း

Yoma Car Share အသင်းဝင်ဖြစ်ရန် ပထမဦးဆုံးလုပ်ဆောင်ရမည့်အချက်မှာ သင်၏အီးမေးလ်လိပ်စာကို အတည်ပြုခြင်းဖြစ်သည်။ တစ်ခါသုံး စကားဝှက်ကို သင်၏အီးမေးလ်သို့ ပေးပို့မည်ဖြစ်ပြီး ထိုစကားဝှက်ကိုအတည်ပြုစာမျက်နှာတွင်ဖြည့်ပြီး အဖွဲ့အဖြစ်စာရင်းဝင်ရန် ဆက်လက်ဆောင်ရွက်ပါ။
Yoma Car Share အသင်းဝင်ဖြစ်ရန် စာရင်းသွင်းရမည့်အချက်အလက်များကို ဖြည့်ပါ။ Yoma Car Share အသင်းဝင်ဖြစ်ရန် အောက်ပါအချက်အလက်များ လိုအပ်ပါသည်။
Corporate အဖွဲ့ဝင်ရန် Yoma Car Share တွင် ပထမဦးစွာ Hotline (သို့) Online Form (သို့) aung@yomafleet.com မှ စုံစမ်းမေးမြန်းနိုင်သည်။
စုံစမ်းမှုရရှိပြီး ၂၄နာရီအတွင်း Key Account များမှ ဆက်သွယ်ပေးပါမည်။ Key Account များမှ Corporate အကောင့်ဝင်ခြင်းအဆင့်အဆင့်ကို ကူညီဆောင်ရွက်ပေးသွားပါမည်။
Corporate အဖွဲ့အနေဖြင့် Credit ပမာဏနှင့် Credit အချိန်ရရှိရန် လိုအပ်သည့် စာရွက်စာတမ်းများကို Key Account များထံ ပေးပို့ပေးရမည်။
စာရွက်စာတမ်းများတင်ပြီး အလုပ်လုပ်ချိန် ၂၄နာရီအတွင်း Corporate အကောင့်ဖွင့်နိုင်ပါမည်။ လျှင်မြန်စွာဆောင်ရွက်ပေးနိုင်ရန်အတွက် လိုအပ်သော စာရွက်စာတမ်းများကို ပြည့်စုံစွာပေးပို့ရန်လိုအပ်သည်။
Corporate အကောင့်ဖွင့်ရန် ခွင့်ပြုချက်ရရှိပြီးနောက် သဘောတူစာချုပ်ချုပ်ဆိုပြီးသည်နှင့် တပြိုင်နက် Corporate အကောင့်ရှိ အဖွဲ့ဝင်များ Yoma Car Share ကို စတင်အသုံးပြုနိုင်ပါသည်။
ကော်ပိုရိတ်သဘောတူညီချက်ကို လက်မှတ်ရေးထိုးပြီးသည်နှင့် ကားများကို စတင်ငှားရမ်းပြီး အသုံးပြုနိုင်ပါသည်။ Yoma Car Share သည် သော့မဲ့ အထိအတွေ့မဲ့ ကားအငှားလုပ်ငန်းဖြစ်ပြီး သင့် Yoma Car Share ကားများကို အသုံးပြုရာတွင် Yoma Car Share application ကို သင်၏ smartphone တွင် ရယူပြီး ကားများကို အသုံးပြုနိုင်ပါသည်။
