Yoma Car Share အဖွဲ့ဝင်ခြင်း
Individual အဖြစ်အဖွဲ့ဝင်ခြင်း
အီးမေးလ်အတည်ပြုချက်
Yoma Car Share အသင်းဝင်ဖြစ်ရန် ပထမဦးဆုံးလုပ်ဆောင်ရမည့်အချက်မှာ သင်၏အီးမေးလ်လိပ်စာကို အတည်ပြုခြင်းဖြစ်သည်။ တစ်ခါသုံး စကားဝှက်ကို သင်၏အီးမေးလ်သို့ ပေးပို့မည်ဖြစ်ပြီး ထိုစကားဝှက်ကိုအတည်ပြုစာမျက်နှာတွင်ဖြည့်ပြီး အဖွဲ့အဖြစ်စာရင်းဝင်ရန် ဆက်လက်ဆောင်ရွက်ပါ။
စာရင်းသွင်းရမည့်အချက်အလက်များ
Yoma Car Share အသင်းဝင်ဖြစ်ရန် စာရင်းသွင်းရမည့်အချက်အလက်များကို ဖြည့်ပါ။ Yoma Car Share အသင်းဝင်ဖြစ်ရန် အောက်ပါအချက်အလက်များ လိုအပ်ပါသည်။
- ဖုန်းနံပါတ်
- လိပ်စာ
- ယာဉ်မောင်းလိုင်စင် (သို့) နိုင်ငံတကာယာဉ်မောင်းပါမစ် (အာဆီယံနိုင်ငံမှထုတ်ပေးသော ယာဉ်မောင်းလိုင်စင်များသည် မြန်မာနိုင်ငံတွင်အသုံးပြုနိုင်သည်
- မှတ်ပုံတင် (သို့) နိုင်ငံကူးလက်မှတ်
- နေရပ်လိပ်စာအထောက်အထား (သို့) မှတ်ပုံတင်နှင့်အတူရိုက်ထားသော သင့်ဓာတ်ပုံ (လိပ်စာအထောက်အထားဆိုသည်မှာ တရားဝင် စာရွက်စာတမ်းများဖြစ်သည့် - ဥပမာ - အိမ်ထောင်စုစာရင်း၊ လျှပ်စစ်မီတာတောင်းခံလွှာ၊ အင်တာနက်ဘောင်ချာ၊ အိမ်ငှားစာချုပ်၊ ဘဏ်ငွေစုစာရင်းစာအုပ်၏ လိပ်စာပါသည့် ပထမဦးဆုံးစာမျက်နှာ၊ နိုင်ငံခြားသားမှတ်ပုံတင်စစ်တမ်း၊ အစရှိသည်တို့ဖြစ်ပါသည်။ (ပြည်ပမှ လာရောက်ခရီးလည်ပတ်သူများအနေဖြင့် မိမိနိုင်ငံမှ နေရပ်လိပ်စာ (သို့) ပြည်တွင်း ဟိုတယ်လိပ်စာများ တင်ပြနိုင်ပါသည်။ အသေးစိတ်ပိုမိုသိရှိရန် Yoma Car Share hotline သို့ဆက်သွယ်ပေးပါ။) လိပ်စာအထောက်အထားအစား ID-Selfie တင်ပြနိုင်သည်။ ID-Selfie ဆိုသည်မှာ လူကြီးမင်း၏ မှတ်ပုံတင် (သို့) နိုင်ငံကူးလက်မှတ်ကို မျက်နှာအနီးကပ်ကာ Selfie ဓါတ်ပုံရိုက်ခြင်းဖြစ်သည်။ ထို ID-Selfie တွင် မှတ်ပုံတင် (သို့) နိုင်ငံကူးလက်မှတ်မှ အချက်အလက်များ ထင်ရှားစွာပါရှိရမည်။)
- Yoma Car Share ပရိုဖိုင်ရှိ ငွေပေးချေကတ် (Yoma Car Shareအကောင့်တွင် ငွေပေးချေမှုဆိုင်ရာ နည်းလမ်းများဖြစ်သည့် Visa/Master Debit/Credit ကတ််၏ အချက်အလက်များအား ဖြည့်သွင်းပေးထားရမည်ဖြစ်ပြီး ကတ််ရဲ့ သက်တမ်းမှာ Yoma Car Share တွင် အကောင့်စတင်လျှောက်ထားသည့်နေ့မှစတင်၍ အနည်းဆုံး ၄ နှစ်အောက် သက်တမ်းရှိနေသည့် ကတ် ဖြစ်ရမည်။
- ရပ်ကွက်ထောက်ခံစာ (Card ရဲ့ သက်တမ်းမှာ ၄ နှစ် အထက်ဖြစ်နေပါကYoma Fleet Limited တွင် ကားငှားရမ်းအသုံးပြုရန်အတွက် ထောက်ခံပေးသော ၇ ရက်အတွင်း ပြုလုပ်ထားသည့် ရပ်ကွက်ထောက်ခံစာ (သို့မဟုတ်) Yoma Group မှ ဝန်ထမ်း၏ အလုပ် email လိပ်စာဖြင့် ထောက်ခံချက် လိုအပ်ပါသည်။ Yoma Group ၏ဝန်ထမ်းမှ ထောက်ခံချက်ဖြင့် Yoma Car Share တွင် ကားငှားရမ်းအသုံးပြုပါက ရပ်ကွက်ထောက်ခံစာနှင့် ငွေပေးချေမှုဆိုင်ရာ နည်းလမ်းများ ထည့်သွင်းထားရန် မလိုအပ်ပါ။ Yoma Group ဝန်ထမ်းဟုဆိုရာတွင် Yoma Group ၏ အလုပ် email ကို အသုံးပြုသော အမြဲတမ်းဝန်ထမ်းဖြစ်ရမည်ဖြစ်သည်။ လူကြီးမင်းလက်ရှိနေထိုင်သည့် လိပ်စာကို သက်သေခံသော အထောက်အထားအဖြစ် လူကြီးမင်း၏ မီတာဘေလ်၊ အင်တာနက်ဘေလ်(သို့) အခြားအငှားစာချုပ်များမှ ရရှိနိုင်ပါသည်။ ID - Selfie ဆိုသည်မှာ လူကြီးမင်းမှ လိပ်စာအထောက်အထားမပေးလိုပါက မိမိ၏ မှတ်ပုံတင်(သို့မဟုတ်) နိုင်ငံကူးလက်မှတ်ကို မိမိမျက်နှာနားတွင်ထားရှိကာ selfie ဓါတ်ပုံရိုက်ယူခြင်းဖြစ်သည်။ (ဓါတ်ပုံတွင် မှတ်ပုံတင်(သို့မဟုတ်) နိုင်ငံကူးလက်မှတ်မှ အချက်အလက်များသည် မြင်သာထင်ရှားမှုရှိရမည်။) လူကြီးမင်းအဖွဲ့ဝင်အကောင့်အတည်ပြုရန် အခြားသောလိုအပ်သည့်အချက်အလက်များကို ကျွန်ုပ်တို့မှ တောင်းဆိုနိုင်သည်။ ပိုမိုသိရှိလိုပါက ကျွန်ုပ်တို့၏ hotline (09YOMAFLEET သို့မဟုတ် 09966235338) သို့ ဆက်သွယ်ပါ။ လူကြီးမင်း၏ Yoma Car Share အကောင့်တွင် ငွေပေးချေမှုဆိုင်ရာ နည်းလမ်းများ ထည့်သွင်းထားစေကာမူ ကျွန်ုပ်တို့အနေဖြင့် ရပ်ကွက်ထောက်ခံစာအား ထပ်မံတောင်းခံနိုင်သည်။ လိုအပ်သည့်အချက်အလက်နှင့် စာရွက်စာတမ်းများ တင်ပြပြီးပါက အသင်းဝင်အဖြစ် ခွင့်ပြုချက်ပေးမည်ဖြစ်ပြီး အသင်းဝင်ဖြစ်သည်နှင့် တပြိုင်နက် ကားစတင်ငှားရမ်းအသုံးပြုနိုင်ပါသည်။
ကုမ္ပဏီအကောင့် ဖွင့်ရန်
စုံစမ်းခြင်း
Corporate အဖွဲ့ဝင်ရန် Yoma Car Share တွင် ပထမဦးစွာ Hotline (သို့) Online Form (သို့) aung@yomafleet.com မှ စုံစမ်းမေးမြန်းနိုင်သည်။
Key Account များ၏ ဝန်ဆောင်မှု
စုံစမ်းမှုရရှိပြီး ၂၄နာရီအတွင်း Key Account များမှ ဆက်သွယ်ပေးပါမည်။ Key Account များမှ Corporate အကောင့်ဝင်ခြင်းအဆင့်အဆင့်ကို ကူညီဆောင်ရွက်ပေးသွားပါမည်။
လိုအပ်သောစာရွက်စာတမ်းများ
Corporate အဖွဲ့အနေဖြင့် Credit ပမာဏနှင့် Credit အချိန်ရရှိရန် လိုအပ်သည့် စာရွက်စာတမ်းများကို Key Account များထံ ပေးပို့ပေးရမည်။
အကောင့်ခွင့်ပြုချက်
စာရွက်စာတမ်းများတင်ပြီး အလုပ်လုပ်ချိန် ၂၄နာရီအတွင်း Corporate အကောင့်ဖွင့်နိုင်ပါမည်။ လျှင်မြန်စွာဆောင်ရွက်ပေးနိုင်ရန်အတွက် လိုအပ်သော စာရွက်စာတမ်းများကို ပြည့်စုံစွာပေးပို့ရန်လိုအပ်သည်။
သဘောတူစာချုပ်
Corporate အကောင့်ဖွင့်ရန် ခွင့်ပြုချက်ရရှိပြီးနောက် သဘောတူစာချုပ်ချုပ်ဆိုပြီးသည်နှင့် တပြိုင်နက် Corporate အကောင့်ရှိ အဖွဲ့ဝင်များ Yoma Car Share ကို စတင်အသုံးပြုနိုင်ပါသည်။
ကိုယ်တိုင်စတင်မောင်းနှင်လိုက်ပါ
ကော်ပိုရိတ်သဘောတူညီချက်ကို လက်မှတ်ရေးထိုးပြီးသည်နှင့် ကားများကို စတင်ငှားရမ်းပြီး အသုံးပြုနိုင်ပါသည်။ Yoma Car Share သည် သော့မဲ့ အထိအတွေ့မဲ့ ကားအငှားလုပ်ငန်းဖြစ်ပြီး သင့် Yoma Car Share ကားများကို အသုံးပြုရာတွင် Yoma Car Share application ကို သင်၏ smartphone တွင် ရယူပြီး ကားများကို အသုံးပြုနိုင်ပါသည်။