Yoma Car Share အဖွဲ့ဝင်ခြင်း
Login ဝင်ခြင်း
Reservation ပြုလုပ်ရန် သင်၏ Yoma Car Share အကောင့်သို့ ဝင်ပါ။ အဆင်ပြေသော ခရီးသွားအတွေ့အကြုံများကို ဖန်တီးရန်အတွက် Google Play Store၊ App Store နှင့် Huawei App Gallery သုံးခုလုံးတွင် Yoma Car Share Mobile App ကို ဒေါင်းလုပ် လုပ်ပြီး အသုံးပြုရန် အကြံပြုအပ်ပါသည်။
ကားရွေးချယ်ခြင်း
ကား Reservation ပြုလုပ်ရန် Yoma Car Share ဝက်ဆိုဒ် သို့မဟုတ် Mobile App တွင် 'Find a car' သို့သွား၍ သင့်စိတ်တိုင်းကျ rental hub နှင့် ကားယူမည့်အချိန်နှင့် ပြန်အပ်မည့်အချိန်များကို ရွေးချယ်ပါ။
အရံယာဉ်မောင်း
ကားငှားထားသည့်ကာလအတွင်း အခြားသူတစ်ဦးကို မောင်းနှင်ခိုင်းမည်ဆိုပါက Reservation ပြုလုပ်စဉ် 'Extra Driver' နေရာတွင် လိုအပ်သော အချက်အလက်များကို ကြိုတင်စာရင်းဖြည့်သွင်းပါ။ Extra Driver အချက်အလက်ဖြည့်သွင်းထားခြင်းမရှိသူတစ်ဦးက မောင်းနှင်သောကြောင့် ယာဉ်မတော်တဆမှု တစ်စုံတစ်ရာ ဖြစ်ပွားခဲ့သည်ဆိုလျှင် အာမခံမူဝါဒများသည် အကျုံးဝင်မည်မဟုတ်ပါ။.
စရံငွေ၊ ငွေပေးချေခြင်းနှင့် ငွေပြန်အမ်းခြင်း
အဖွဲ့ဝင်တစ်ဦးအနေဖြင့် ကားငှါးသည့်အခါတွင် စရံငွေအဖြစ် ပေးသွင်းရမည်ဖြစ်ပါသည်။
Credit/Debit Card အသုံးပြုသူများအတွက် စရံငွေနှင့် ခန့်မှန်းငှားရမ်းကျသင့်ငွေကို သင့် Credit Card တွင် ကြိုတင်ခွင့်ပြုချက်ရယူထားမည်ဖြစ်ပြီး Debit Card တွင် ငွေဖြတ်တောက်မည်ဖြစ်ပါသည်။ ဤကဲ့သို့ပြုလုပ်ခြင်းကို Reservation မစတင်မှီ မိနစ် မှသာ ပြုလုပ်မည်ဖြစ်ပြီး အကယ်၍ Credit/Debit Card များမှ ဤပြုလုပ်ခြင်းကို ငြင်းပယ်ခဲ့ပါက သင်၏ Reservation သည် အလိုအလျောက် ပျက်ပြယ်သွားမည်ဖြစ်သည်။ ခရီးစဉ်ပြီးဆုံးပြီးနောက် ကျသင့်ငွေများကို တွက်ချက်ပြီး ငွေပြန်အမ်းစရာလိုအပ်ပါက ပြန်အမ်းသွားမည်ဖြစ်ပါသည်။ (သင်၏ ဘဏ်ပေါ်မူတည်၍ ငွေပြန်အမ်းခြင်း လုပ်ငန်းစဉ်သည် ၃ရက်မှ ၃၀ရက်အထိ ကြာမြင့်နိုင်သည်။)
WavePay, KBZPay, MPU ဖြင့် Reservation ပြုလုပ်ပါက စရံငွေနှင့် ခန့်မှန်းငှားရမ်းကျသင့်ငွေကို Reservation ပြုလုပ်ချိန်တွင် ပေးချေရမည်ဖြစ်ပြီး Reservation ပြီးဆုံးသည့်အခါတွင် ငွေပြန်အမ်းရန် လိုအပ်ပါက WavePay, KBZPay, MPU မှတဆင့် ပြန်အမ်းသွားမည်ဖြစ်ပါသည်။ (WavePay/KBZPay မှ ပြန်အမ်းငွေဆောင်ရွက်ချိန်သည် အလုပ်လုပ်ရက် ၄၈ နာရီမှ ၇၂ နာရီအတွင်းကြာမြင့်မည်ဖြစ်သည်။ MPU မှပြန်အမ်းငွေဆောင်ရွက်ချိန်သည် အလုပ်လုပ်ရက် ၂၁ရက်မှ ရက် ၃၀ အတွင်းဖြစ်သည်။ WavePay, KBZPay, MPU ဖြင့် ပြုလုပ်သော Reservation များသည် စတင်ချိန် ပြောင်းလဲ၍ မရပါ။)
KM ကျသင့်ငွေ
Reservation ပြုလုပ်စဉ်အတွင်း ပြသထားသည့် ခန့်မှန်းငှားရမ်းခသည် KM ကျသင့်ငွေ မပါဝင်သေးပါ။ Reservation စတင်ချိန်မှ ခရီးစဉ်ပြီးဆုံးချိန်အထိ မောင်းနှင်သည့် ကီလိုမီတာများတွက် ကောက်ခံမှုများကို ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ KM နှုန်းထားများကို Reservation ပြုလုပ်စဉ်အတွင်း ကားမော်ဒယ်တစ်ခုချင်းစီအတွက် စစ်ဆေးနိုင်ပါသည်။