ကိုယ်တိုင်မောင်းစနစ်
ကားငှားပြီးသည်နှင့် လူကြီးမင်း၏ ကိုယ်ပိုင်ကားသကဲ့သို့ ဘယ်အချိန် ဘယ်နေရာကိုမဆို စိတ်ကြိုက်မောင်းနှင်နိုင်ပါသည်။
ကိုယ်တိုင်မောင်းစနစ်
ကားငှားပြီးသည်နှင့် လူကြီးမင်း၏ ကိုယ်ပိုင်ကားသကဲ့သို့ ဘယ်အချိန် ဘယ်နေရာကိုမဆို စိတ်ကြိုက်မောင်းနှင်နိုင်ပါသည်။
ထိတွေ့ဆက်သွယ်ရန်မလိုအပ်ခြင်း
မည်သည့်အချိန်တွင်မဆို Reservation တင်နိုင်ပြီး လူကြီးမင်းနှင့် အနီးဆုံး Rental Hub တွင် ကားရယူနိုင်သည်။
သော့မလိုအပ်ခြင်း
Yoma Car Shae သည် သာမန်အငှားယာဉ် ဝန်ဆောင်မှုလုပ်ငန်းများကဲ့သို့မဟုတ်ဘဲ အလိုအလျောက်နည်းပညာစနစ်ဖြင့် လွယ်ကူစွာ ကားငှားနိုင်သောကြောင့် လူကြီးမင်း အနေဖြင့် ကားသော့မလိုဘဲ ကားအတွင်း ဝင်ရောက်မောင်းနှင်နိုင်မည်ဖြစ်ပါသည်။
ငွေသားဖြင့်ပေးချေရန်မလိုအပ်ခြင်း
ကားငှားရမ်းခ ငွေပေးချေရာတွင်လည်း Credit/Debit Card သို့မဟုတ် အခြားသော ငွေပေးချေမှုစနစ်များဖြစ်သော MPU, WavePay, KBZPay နှင့် ပေးချေနိုင်သည်။
ကားဆီပါဝင်ခြင်း
Yoma Car Share မှ သတ်မှတ်ထားသည့် ဆီဆိုင်များတွင် အခမဲ့ဆီဖြည့်နိုင်ပြီး အခြားဆိုင်များတွင် ဖြည့်ခဲ့ပါက ပြေစာနှင့်တကွ ခရီးစဉ်မပြီးဆုံးမီ ပြန်လည်တောင်းခံနိုင်သည်။
အာမခံမူဝါဒ
မြန်မာယာဥ်မောင်းလိုင်စင် သို့မဟုတ် အာဆီယံယာဉ်မောင်းလိုင်စင် ကိုင်ဆောင်သူများသည် Yoma Car Share မှ ချိတ်ဆက်ထားသည့် GGI ကားအာမခံရယူနိုင်သည်။ အာစီယံယာဥ်မောင်းလိုင်စင် သို့မဟုတ် နိုင်ငံတကာယာဥ်မောင်းပါမစ်ကိုင်ဆောင်ထားပါက လူကြီးမင်းအနေဖြင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း မချိုးဖေါက်ပဲ ယာဉ်မတော်တဆဖြစ်ပွားခဲ့ပါက USD 300 အထိသာ တာဝန်ယူရမည်ဖြစ်ပါသည်။ ကျေးဇူးပြု၍ Yoma Car Share အာမခံမူဝါဒကို Terms & Conditions တွင် အသေးစိတ်လေ့လာပါ။
နိုင်ငံတဝှမ်းတွင်ကားငှားရမ်းနိုင်ခြင်း
Yoma Car Share သည် မြန်မာနိုင်ငံတဝှမ်းတွင် ကားငှားရမ်းအသုံးပြုနိုင်သော ဝန်ဆောင်မှုလုပ်ငန်းဖြစ်သည်။
ကားများကိုပုံမှန်ပြုပြင်ထိန်းသိမ်းခြင်း
Yoma Car Share မှ ကားများသည် ပုံမှန် ပြုပြင်ထိန်းသိမ်းထားသောကြောင့် လူကြီးမင်းအနေဖြင့် မည်သည့် အပိုဆောင်ရွက်မှုမှ ပြုလုပ်ရန်မလိုအပ်ပါ။ ခရီးစဉ်အတွင်း တစ်စုံတစ်ရာ၊ Case တစ်ခုချင်းစီအလိုက် ဖြစ်ပွားခဲ့ပါကလည်း ကားအစားထိုးပေးသည့် ဝန်ဆောင်မှုရှိပါသည်။ သို့သော် ကားအစားထိုးမှုသည် Case တစ်ခုခြင်းဆီလိုက်ဖြစ်ပြီး ကားအစားထိုးမှုဆောင်ရွက်ခြင်းကို Yoma Car Share မှ ငြင်းပယ်ပိုင်ခွင့်ရှိသည်။
၂၄နာရီ ပိတ်ရက်မရှိ ၀န်ဆောင်မှုပေးခြင်း
Yoma Car Share hotline သည် လူကြီးမင်း ခရီးစဉ်တလျှောက် လိုအပ်သောအကူအညီများပေးနိုင်ရန် ၂၄နာရီ ၇ရက် ပိတ်ရက်မရှိ ဝန်ဆောင်မှုပေးလျက်ရှိပါသည်။
ကီလိုမီတာနည်းသောကားအသစ်များ
Yoma Car Share တွင် ကီလိုမီတာနည်းသော ကားများကိုသာငှားရမ်းပါသည်။ ရရှိနိုင်သည့် ကားအမျိုးအစားများမှာ Compact, Sedan, MPV, SUV, 10 Seaters နှင့် 14 Seaters များဖြစ်သည်။