ခရီးတလျှောက် အထောက်အကူဖြစ်စေမယ့် Starter Pack
Yoma Car Share ရှိကားများ၏ Glove Box တွင် Starter Pack ဟုခေါ်သော သင်၏ခရီးတလျှောက် အထောက်အကူဖြစ်စေမယ့် ဖိုင်တစ်ခုပါရှိပါတယ်။ Starter Pack တွင် ပါဝင်သော စာရွက်စာတမ်းများမှာ -
- Yoma Car Share ၏ partner ဆီဆိုင်များဖြစ်သည့် နိုင်ငံတဝှမ်းတွင်းရှိသော Denko, Max Energy၊ PT Power၊ BOC နှင့် 360 Petro တို့တွင် အခမဲ့ဖြည့်နိုင်သော ဆီစာအုပ်နှင့်ကဒ်များ (Denko တွင်ဆီဖြည့်သောအခါ ပေးရမည့် လျှို့ဝှက်အမှတ်မှာ သင်မောင်းနှင်နေသော ကားနံပါတ်၏ နောက်ဆုံး ၄လုံးဖြစ်သည်။ ဆီဖြည့် ပြေစာများကို ဤ Starter Pack တွင် သိမ်းဆည်းပေးပါ။ အကယ်၍ အခြားဆီဆိုင်များတွင် ဆီဖြည့်ခဲ့ပါက End Trip မနှိပ်မှီ Current Reservation ၏ Fuel Claim မှတဆင့် ပြေစာဖြင့် ပြန်လည်တင်ပြတောင်းခံနိုင်သည်။)
- ယာဉ်မှတ်ပုံတင်ကဒ်
- ဘီးခွန်ကဒ်
- မတော်တဆတစုံတရာဖြစ်ပွားလျှင် လိုက်နာရမည့် အချက်အလက်များ
- အာဆီယံနိုင်ငံများမှယာဉ်မောင်းလိုင်စင်များ မြန်မာနိုင်ငံတွင် အသုံးပြုနိုင်သည့် ခွင့်ပြုချက်တို့ဖြစ်သည်။
Starter Pack အပြင် အခြားအထောက်အကူပေးမည့် ပစ္စည်းများကိုလည်း Yoma Car Share ကားများတွင် ပါရှိပါသည်။ ထိုပစ္စည်းများမှာ -
- First Aid အိတ်
- မီးသတ်ဘူး
- ဖုန်းအားသွင်းကြိုး
- ထီး နှင့်
- လက်သန့်ဆေးရည်
- a temporary tap card
- ကားအတွင်းခန်းရေမွှေးအဆီ
တို့ဖြစ်သည်။
ကားအတွင်းခန်းပစ္စည်းများ ပျောက်ဆုံး ပျက်စီး ပါက ကျသင့်ငွေ ပေးဆောင်ရပါမည်။
အန္တရာယ်ကင်းပြီး သာယာဖြောင့်ဖြူးသော ခရီးလေး ဖြစ်ပါစေကြောင်း ဆုတောင်းပေးလိုက်ပါသည်။ ကျွန်ုပ်တို့၏ hotline 09YOMAFLEET(09966235338) တွင် အကူအညီရယူရန်အတွက် ၂၄ နာရီ ပိတ်ရက်မရှိ အချိန်ပြည့် အမြဲတမ်း ဆက်သွယ်နိုင်ကြောင်း သတိရလိုက်ပါ။