Yoma Car Share အလုပ်လုပ်ပုံ
လျှောက်ထားပါ
ယခုပဲ individual (သို့) Corporate အဖွဲ့ဝင်အနေဖြင့် အခမဲ့ စာရင်းပေးသွင်းပြီး Yoma Car Share ၏ ဝန်ဆောင်မှု များကိုရယူလိုက်ပါ။
ငှားရမ်းမည်
ကားမော်ဒယ်မျိုးစုံကို လွယ်ကူအဆင်ပြေစွာ ငှားရမ်းနိုင်ပါတယ်။ Yoma Car Share မှာ ကားအမျိုးအစား အစုံအလင်ကို မြန်မာနိုင်ငံတစ်ဝှမ်းလုံးမှနေရာများတွင် ငှားရမ်းနိုင်ပြီဖြစ်ပါတယ်။
မောင်းနှင်မည်
ကိုယ်တိုင်မောင်း အငှားကားဝန်ဆောင်မှု စနစ်ဖြင့် လူကြီးမင်း၏ ခရီးစဉ်ကို စိတ်တိုင်းကျ စတင်လိုက်ပါ။ Yoma Car Share က လူကြီးမင်းရဲ့ ခရီးစဉ်ကို အဆင်ပြေချောမွေ့ပြီး သက်တောင့်သက်သာ ရှိအောင် ဆောင်ရွက်ပေးသွားမှာပါ။
ပြန်လည်အပ်နှံမည်
အငှားယာဉ် ကိုပြန်လည်အပ်နှံရာမှာလည်း အလုပ်ရှုပ်ခံစရာ မလိုပါဘူး။ Rental hub တစ်ခုကနေ ငှားရမ်းထားတဲ့ ယာဉ်ကို နောက်တစ်နေရာက Rental Hub တစ်ခုမှာ အလွယ်တကူ ပြန်လည်အပ်နှံနိုင်ပါတယ်။
Yoma Car Share သည် မြန်မာနိုင်ငံတစ်ဝှမ်း ၂၄ နာရီ၊ ၇ ရက်၊ တစ်နှစ်ပတ်လုံး ဝန်ဆောင်မှုပေးအပ်လျက်ရှိသည့် အငှားယာဉ်လုပ်ငန်းတစ်ခု ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ ကားများကို အစဉ်အမြဲသစ်လွင်အောင်ထိန်းသိမ်းထားရှိပြီး နိုင်ငံတစ်ဝှမ်းတွင် ငှားရမ်းရရှိနိုင်ပါသည်။ မိသားစုနှင့် အပန်းဖြေခရီးထွက်ရန်ဖြစ်စေ၊ မြန်မာနိုင်ငံအနှံ့ ခြေဆန့်သွားလာလည်ပတ်လို၍ဖြစ်စေ သင့်လိုအပ်ချက်များနှင့်ကိုက်ညီသော မော်တော်ကားမော်ဒယ်လ်အမျိုးမျိုးကို ကျွန်ုပ်တို့တွင်ငှားရမ်းရရှိနိုင်ပါသည်။ ကျွန်ုပ်တို့သည် သော့ကိုင်စရာမလို၊ ငွေသားနှင့်ပေးချေစရာမလို၊ အခြားသူများနှင့်ထိတွေ့ဆက်ဆံစရာမလိုဘဲ ကိုယ်တိုင်မောင်းစနစ်ဖြင့် အလွယ်တကူ အလိုအလျောက် ငှားယူအသုံးပြုနိုင်သည့် အငှားယာဉ်လုပ်ငန်းတစ်ခု ဖြစ်ပါသည်။ Yoma Car Share နှင့် အတူ ခရီးထွက်လိုက်ကြပါစို့။
ကျွန်ုပ်တို့၏ Rental Hub များ
ကျွန်ုပ်တို့၏ Rental Hub များသည် အချက်အချာကျ တည်နေရာများတွင် တည်ရှိသောကြောင့် ကျွန်ုပ်တို့၏ customer များအနေဖြင့် ကားများငှားရမ်းရာတွင် လွယ်ကူစေပါသည်။ မြန်မာနိုင်ငံတွင်းရှိ မြို့ကြီးများနှင့် လေဆိပ်များအပါအဝင် အချက်အချာကျသော Rental Hub နေရာ ၃၀ ကျော်ကို ဖွင့်လှစ်ထားပြီး ဝန်ဆောင်မှုပေးလျက်ရှိပါသည်။ ကျွန်ုပ်တို့၏ customer များအတွက် မြန်မာနိုင်ငံအတွင်း မတူကွဲပြားသော ဒေသအသီးသီးသို့ အဆင်ပြေချောမွေ့စွာ ခရီးစဉ်များ သွားရောက်နိုင်ရန်အတွက် ကျွန်ုပ်တို့၏ Rental Hub နေရာများကို ဆက်လက်ချဲ့ထွင်နိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။