Business man hand on apple watch and steering wheel of a car that is blinded by bright sunlight in the windshield

ကိုယ်တိုင်မောင်းစနစ်ဖြင့်ကားငှားရမ်းအသုံးပြုရာတွင် သိသင့်သောအချက်အလက်များ

  • ယာဉ်ကိုစစ်ဆေးပါ

    စတင်ကားမောင်းနှင်ခြင်းမပြုမှီ ကား၏ အတွင်းနှင့်အပြင်ကို သေချာစွာစစ်ဆေးပါ။ အကယ်၍ ပျက်စီးဆုံးရှုံးမှု တစုံတရာ တွေ့ရှိပါက Yoma Car Share အက်ပ်ရှိ Current Reservation ထဲရှိ Check Car မှ ကျွန်ုပ်တို့ထံ အသိပေးအကြောင်းကြားနိုင်ပါတယ်။ (Check Car သည် Reservation စတင်ချိန်မှ (၁)နာရီအတွင်းသာ အသုံးပြုနိုင်သည်။) Yoma Car Share မှာကားများသည် Reservation မစတင်မှီ သန့်ရှင်းရေးပြုလုပ်ခြင်း၊ စစ်ဆေးခြင်း၊ ပိုးသတ်ခြင်း အစရှိတို့ကို ဆောင်ရွက်ပြီးမှသာလျှင် လူကြီးမင်းထံကားပေးအပ်ခြင်းဖြစ်ပါတယ်။ သို့သော် Rental Hub များတွင် Reservation မစတင်မှီ ထပ်မံစစ်ဆေးနိုင်ခြင်းမရှိသောကြောင့် လူကြီးမင်းအနေဖြင့် ကားကို စစ်ဆေးရန် အကြံပြု တိုက်တွန်းချင်ပါတယ်။

  • ယာဉ်စည်းကမ်းများအားလုံးကို လိုက်နာပါ

    မော်တော်ယာဉ်များ၊ မောင်းနှင်သူများ လိုက်နာရမည့် စည်းကမ်းအမျိုးမျိုးရှိသည်ကို လူကြီးမင်း သိရှိမည်ဟု ယူဆပါတယ်။ ခါးပတ်ပတ်ရသည်မှအစ လမ်းစည်းကမ်းမျိုးစုံအပါအဝင် ထိုစည်းကမ်းမျိုးစုံကို လေ့လာပြီး လက်တွေ့ ကျင့်သုံးခြင်းအားဖြင့် မိမိအပါအဝင် လမ်းပေါ်ရှိ အခြားယာဉ်များနှင့် ခရီးသည်များ လိုရာခရီးကို အန္တရာယ်ကင်းစွာ သွားရောက်နိုင်မှာဖြစ်ပါတယ်။ ထို့အပြင် ယာဉ်စည်းကမ်း လမ်းစည်းကမ်း လိုက်နာရန် ပျက်ကွက်ခဲ့ပါကလည်း အာမခံ မူဝါဒ အကျုံးဝင်မှု ပျက်ပြယ်မှာဖြစ်ပါတယ်။

  • အငှားယာဉ်ကို တတ်နိုင်သမျှ ကောင်းမွန်စွာ ထိန်းသိမ်းပါ

    Yoma Car Share မှ ကားများအားလုံးသည် ထုတ်လုပ်သည့် ကုမ္ပဏီအမှတ်တံဆိပ်မှ အကြံပြုထားသည့်အတိုင်း ကားများကို ကီလိုမီတာအလိုက် (သို့မဟုတ်) အချိန်အပိုင်းအခြားလိုက် ပုံမှန် ပြုပြင်ထိန်းသိမ်းမှုများ ပြုလုပ်ပါသည်။ ကီလိုမီတာ အသုံးပြုမှုအပေါ် အခြေခံ၍ မိမိတို့ယာဉ်တွင် တပ်ဆင်ထားသော ကားတာယာများ၏ ကောင်းမွန်မှုကိုလည်း စဉ်ဆက်မပြတ် စစ်ဆေးထိန်းသိမ်းပါတယ်။ အကယ်၍သင်သည် Yoma Car Share မှ လစဉ်ငှားရမ်းအသုံးပြုနေပါက ကားကို ပုံမှန်ပြုပြင်ထိန်းသိမ်းရန် လိုအပ်ပြီး တစုံတရာ အကြောင်းကိစ္စ.... ဆက်သွယ်နိုင်ပါတယ်။ ကားငှားရမ်းထားသော ကာလအတွင်း အကြောင်းအမျိုးမျိုးကြောင့် ကားလဲလှယ်ရန်လိုအပ်ပါကလည်း Yoma Car Share မှ ကားအစားထိုးပေးသည့် ဝန်ဆောင်မှုများနှင့် ဆောင်ရွက်ပေးလျှက်ရှိပါတယ်။

  • ထိုင်ခုံခါးပတ်ပတ်ပါ

    ယာဉ်မောင်းသာမက အတူလိုက်ပါလာသူများပါ ယာဉ်ပေါ်တွင် လိုက်ပါစဉ် အမြဲခါးပတ် ပတ်ထားပါ။ ခါးပတ်ပတ်ခြင်းသည် မဖြစ်မနေလိုက်နာရမည့် ယာဉ်စည်းကမ်းတစ်ခုဖြစ်ရုံသာမက သင်၏လုံခြုံရေးအတွက်ပါ အရေးကြီးတဲ့ အချက်တစ်ခုဖြစ်ပါသည်။

  • ယာဉ်မောင်းနေစဉ် အာရုံစူးစိုက်ပါ

    ယာဉ်မောင်းနေစဉ်အတွင်း မျက်လုံးများကို လမ်းမများပေါ်တွင်သာ အာရုံစိုက်ထားပါ။ ယာဉ်မောင်းနေစဉ်အတွင်း လမ်းကိုသာ အာရုံစိုက်မောင်းနှင်ပါ။ ဖုန်းအသုံးပြုခြင်း၊ အစာစားခြင်း၊ ရေဒီယိုလိုင်းပြောင်းခြင်း၊ နောက်ခန်းမှ ခရီးသည်များကို လှည့်၍ စကားပြောဆိုခြင်းများ လုံးဝ မပြုလုပ်ပါနဲ့။

  • ကပ်မလိုက်ပါနှင့်

    ကမ္ဘာပေါ်တွင် ယာဉ်မတော်တဆမှုများ ဖြစ်ပွားရတဲ့ အဓိက အကြောင်းအရင်းများအနက် ရှေ့ကားနောက်မှ ကပ်လိုက်ခြင်းကြောင့် ဖြစ်ပွားရတဲ့ ယာဉ်မတော်တဆ အများဆုံး ဖြစ်ပါတယ်။ ထို့ကြောင့် ရှေ့ကားနောက် ကပ်မလိုက်ပဲ သင့်တော်သော အကွာအဝေးမှ မောင်းနှင်ခြင်းဖြင့် ဖြစ်လာနိုင်တဲ့ အန္တရာယ်များကို‌ ရှောင်ရှားပါ။ အကယ်၍ အရှေ့ကားမှ ရုတ်တရက်ဘရိတ်နင်းလျှင် သင်၏ကား အရှိန်မထိန်းနိုင်ပဲ အနောက်မှ ဝင်တိုက်မိပါက အခြားယာဉ်များမှ သင့်ကို ဥပဒေအရ အရေးယူနိုင်ပြီး သင်၏ ကားအာမခံမူဝါဒလဲ ပျက်ပြယ်သွားမှာဖြစ်ပါတယ်။

  • ကြိုတင်ပြင်ဆင်ထားပါ

    မတော်တဆဖြစ်ပွားခြင်း၊ ကားပျက်ခြင်း သို့မဟုတ် အခြားအရေးပေါ်အခြေအနေများတွင် Yoma Car Share ရဲ့ 24/7 365 hotline 09YOMAFLEET (09966235338) . သို့ ချက်ချင်း ဖုန်းခေါ်ဆိုနိုင်ပါတယ်။ ထိုကဲ့သို့ မတော်တဆမှုများဖြစ်ပွားခဲ့ပါက သင်လိုက်နာရမည့် အဆင့်များကို သင့်အငှားယာဉ်၏ Starter Pack တွင် ထည့်သွင်းဖော်ပြထားပါတယ်။ ထိုအဆင့်များကို အကျွမ်းတဝင်ရှိအောင် ကြိုတင်ဖတ်ရှုထားသင့်ပါတယ်။

  • ရာသီဥတုကို သတိပြုပါ

    ယာဉ်မောင်းနေစဉ် မိုးရွာသွန်းခြင်းနှင့် လေတိုက်ခြင်းတို့သည် မောင်းနှင်ရန် ပိုမိုခက်ခဲစေပြီး အန္တရာယ်ပိုရှိစေပါတယ်။ ထို့ကြောင့် မိုးရွာသွန်းနေပါက ရှေ့မီးကြီးကိုဖွင့်၍ မောင်းပါ။ အရှိန်လျှော့ပြီး လမ်းပေါ်ရှိ အခြားယာဉ်များနှင့် သင့်တော်သော အကွာအဝေးမှ မောင်းနှင်ပါ။ စိုစွတ်သောလမ်းများသည် လမ်းချော်တတ်သောကြောင့် ဘရိတ်အုပ်ရန် အချိန်ပိုယူရတတ်ပါတယ်။

  • မူးလျှင် မမောင်းနှင့်၊ မောင်းလျှင် မမူးနှင့်

    အရက်၊ မူးယစ်ဆေးဝါး သုံးစွဲထားခြင်း သို့မဟုတ် အိပ်ရေးမဝခြင်းများ ရှိပါက ယာဉ်မမောင်းပါနှင့်။ သင်ကိုယ်တိုင်အပါအဝင် ယာဉ်ပေါ်တွင်လိုက်ပါလာသူများနှင့် လမ်းမပေါ်ရှိ အခြားယာဉ်များအတွက် အန္တရာယ်များပါတယ်။

  • အငှားယာဉ်ပြန်လည်အပ်နှံခြင်း

    သင်၏ Yoma Car Share အက်ပ်တွင် 'End Trip' ဆိုသည့် ခလုပ်ကို မနှိပ်မှီ ကားကိုထပ်မံစစ်ဆေးပါ။ ကား၏အတွင်းနှင့်အပြင်ကို ဓါတ်ပုံမှတ်တမ်းရယူထားပါ။

ဤအချက်အလက်များကို လိုက်နာပြီး ဘေးကင်းလုံခြုံသော ပျော်ရွှင်စရာကောင်းတဲ့ခရီးများဖြစ်ဖို့ Yoma Car Share ရဲ့ ကိုယ်တိုင်မောင်းစနစ်ဖြင့် ဖန်တီးလိုက်ပါ။ ခရီးလမ်းတလျှောက် လိုအပ်တဲ့အကူအညီများအတွက် Yoma Car Share ရဲ့ ပိတ်ရက်မရှိ ၂၄နာရီ ၇ရက် Hotline ကိုဆက်သွယ်ပြီး ဝန်‌ဆောင်မှုများကို ရယူလိုက်ပါ။